ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ သူရဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ် လေလံတင်ရောင်းချရငွေနဲ့ စက်တင်ဘာလ(၂၇)ရက်မှာ ကလောမြို့က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။
ထွန်းထွန်းမင်းနဲ့အတူ ရိုးရာလက်ဝှေ့ကျော်တွေ၊ နာမည်ကျော်လက်ဝှေ့သမားတွေနဲ့ မျိုးဆက်သစ် လက်ဝှေ့လူငယ်တွေ ပါဝင်ပြီး လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ။
လှူဒါန်းမှာကတော့ ချန်ပီယံခါးပတ်ရောင်းချငွေအပါအဝင် အလှူရှင်တွေရဲ့ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း(၈၀၀)နီးပါလောက် ကုန်ကျခံပြီး လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ရာမှာ ဆန်အိတ်(၅၀၀)၊ ဆီပုံး(၅၀၀) အပါအဝင် အဝတ်အထည်၊ ခေါက်ဆွဲခြောက်နဲ့ အခြားစားနပ်ရိက္ခာတွေနဲ့ ငွေကြေးတွေပါ လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။