အခုတလောမှာ အွန်လိုင်းလောင်းကစားဂိမ်းတွေ ဆော့ကစားဖို့အတွက် SMSတွေပေးပို့ပြီး ဆွဲဆောင်မြှူဆွယ်တာ တွေ ရှိလာတယ်လို့ သိရပါတယ်။ အွန်လိုင်းဂိမ်းတွေဟာ မိတ်ဖွဲ့တဲ့ပုံစံနဲ့ SMS တွေပေးပို့ပြီး ဂိမ်းဆော့ကစားဖို့ လင့်ခ်တွေပေးပို့ကာ ဆွဲဆောင်လာကြတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

အဲဒီလို SMS ပေးပို့ပြီး အွန်လိုင်းဂိမ်းကစားဖို့ ဆွဲဆောင်မှုတွေရှိနေတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ လည်း မျှဝေထားကြတာကို တွေ့ရပါတယ်။

အခုလို အွန်လိုင်းဂိမ်းကစားဖို့ SMSတွေ ပေးပို့တာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့လိုတယ်လို့ ပြည်သူတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတော်အနေနဲ့ အွန်းလိုင်းလောင်းကစားတွေ၊ အွန်လိုင်းလိမ်လည်မှုတွေကို ဆက်တိုက် ဖော်ထုတ် ဖမ်းဆီးနေတာကြောင့် အခုလို SMS ပေးပို့ပြီး ဂိမ်းကစားဖို့ မြှူဆွယ်နေတာတွေကိုလည်း ဖော်ထုတ် အရေးယူသင့် တယ်လို့ ပြည်သူတွေက ပြောဆိုနေကြပါတယ်။