ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက အသတ်ခံထားရတဲ့ ကုန်စိမ်းရောင်းသူ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်၊၊

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၇ ရက် မနက် ၁၁ နာရီခွဲကျော်အချိန်လောက်က အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်(၄)၊ ကင်းဝန်မင်းကြီးလမ်းပေါ်မှာ ရပ်ထားတဲ့ ကားတစ်စီးပေါ်မှာ ရုပ်အလောင်းတစ်လောင်း တွေ့ရှိတဲ့ အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းကို စစ်ဆေးကြည့်ချိန်မှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလည်ပင်း ထိုးသွင်းပြတ်ရှ ဒဏ်ရာ တစ်ချက်နဲ့ သေဆုံးနေတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်၊၊

သေဆုံးသူဟာ တညင်းကုန်းစျေးမှာ ကုန်စိမ်းရောင်းသူတစ်ယောက်ဖြစ်ပြီး အသတ်ခံရချိန်မှာတော့ ငွေကြေးတွေ ပျောက်ဆုံးနေတာ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မှုခင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရိမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊