မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ သံလွင်မြစ်ထဲမှာ ဧပြီ ၁၇ရက် နှစ်ဆန်း(၁)ရက်နေ့ ညနေပိုင်းက ကလေးတစ်ယောက်ရေနစ်သေဆုံးခဲ့တယ်လို ဒေသခံပြည်သူတစ်ယောက်ဖြစ်တဲ့ ဦးစိုးမြင့်က One News ကိုပြောပါတယ်၊၊

ဖြစ်စဉ်မှာ ဧပြီလ ၁၇ရက် ညနေ ၅နာရီဝန်းကျင်အချိန်လောက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ ကမ်းနားလမ်းရှိ အမှတ်(၄)တံတားအနီး သံလွင်မြစ်ထဲမှာ ကလေး ၄ယောက် ဘောလုံးကန်နေရင်း ဘောလုံးဆင်းကောက်ရာမှာ ကလေးတစ်ဦးရေနစ်ခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

ရေနစ်တဲ့နေရာကို ဒေသခံပြည်သူတွေကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၈ရက် နှစ်ဆန်း(၂)ရက်နေ့ မနက်ပိုင်းမှာတော့ မော်လမြိုင်က အလွတ်ရေငုတ်သမားတစ်ယောက်ဖြစ်တဲ့ ဦးပါကြီးက ရေနစ်သေဆုံးနေတဲ့ကလေးရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို သိရပါတယ်၊၊

သေဆုံးသူဟာ အသက်(၁၃)နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး မော်လမြိုင်ဒေါင်မင်းရပ်မှာနေထိုင်သူဖြစ်တယ်လိုလည်း သိရပါတယ်၊၊

သေဆုံးရုပ်အလောင်းကိုတော့ ရွှေတောင်အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းကယာဉ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွင်ရုံကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်၊၊