ရန်ကုန်မြို့ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ နန်းဦးဘုရားကြီးတန်ဆောင်းမှာ ဒီဇင်ဘာ ၂၅ ရက်၊ မနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နဲ့ မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှော ဖလှယ် ရေးအဖွဲ့တို့ ပူးပေါင်းလှူဒါန်းတဲ့ သံဃာတော်အပါး ၅၀၀ ဆွမ်းဆန်တော် လောင်းလှူပွဲနဲ့ ရေစက်ချ မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ မြန်မာနဲ့တရုတ် ပင့်သံဃာတော် ၄၇၇ ပါး နဲ့ တရုတ် သီလရှင် ၂၃ ပါးတို့ကို ဆွမ်းဆန်တော်လောင်းလှူခဲ့ကြပြီး ဆရာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် ဗိုလ်တထောင်စေတီတော် ဝန်ထမ်းတွေနဲ့ မီးသတ်ဦးစီးဌာနက ဝန်ထမ်းတွေကို ဆန် ၃ ပြည်၊ ကြက်သားဒံပေါက်နဲ့ Royal D အအေး တို့ကို ကုသိုလ်ပြု လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။