ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက သရုပ်ဆောင်တချို့လိုက်ပါလာတဲ့ ယာဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ လင်းရောင်ခြည် လူငယ်နာရေး ကူညီမှု အသင်းဥက္ကဋ္ဌ ကိုဖိုးချိုက One News ကို ပြောပါတယ်၊၊

အခင်းဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၅ နာရီဝန်းကျင် အချိန်လောက်က ပဲခူးကနေ ရန်ကုန်ဘက် ကို မောင်းလာတဲ့ သရုပ်ဆောင်အချို့ လိုက်ပါလာတဲ့ Mark II အဖြူရောင်ယာဉ်ဟာ အင်းတကော်မြို့၊ မိုင်တိုင် အမှတ် (၁၆)မိုင် (၁)ဖာလုံနဲ့ (၂)ဖာလုံအကြားအရောက် လမ်းဖြတ်ကူးသူကို ရှောင်ရာကနေ လမ်းဘေးမှာ ရပ်ထား တဲ့ တွဲကားကို ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်၊၊ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ လူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့လင်းရောင်ခြည် လူငယ်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဖိုးချိုက ပြောပါတယ်၊၊

ယာဉ်တိုက်မှုကြောင့် သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနဲ့ မေမြတ်နိုးခင် အပါအဝင် လူ ၄ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ပဲခူးပြည်သူ့ ဆေးရုံကြီးကနေ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မေဓာဝီ ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်၊၊