ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ ဧပြီ၁၅ရက် သင်္ကြန်အကြတ်နေ့မှာလည်း ရိုးရာအစဉ်အလာမပျက် ပျော်ရွှင်စွာ ရေကစားသူတွေ စည်ကားများပြားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပဲခူးမြို့ရဲ့ ကျက်သရေဆောင် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်မုခ် ဘုရားလမ်းမှာ လမ်းလျှောက်သကြင်္န်ပြုလုပ်ပေးထားသလို စတုဒိသာမဏ္ဍပ်တွေထိုးပြီး လာရောက်လည်ပတ်သူတွေကို စတုဒိသာထမင်းနဲ့ဟင်း၊ မြန်မာ့ရိုးရားအစားအစာတွေကို ကျွေးမွေးဧည့်ခံနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်းမှာလည်း စတုဒိသာမဏ္ဍပ်တွေထိုးပြီး လာရောက်လည်ပတ် အနားယူ ရေကစားကြသူများတွေကို စတုဒိသာကျွေးမွေးဧည့်ခံနေတယ်လို့ သိရပါတယ်။

ပဲခူးမြို့အပြင် ပဲခူးတိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်အသီးသီးမှာလည်း မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ပျော်ရွှင်စွာ ဆင်နွှဲနေကြတယ်လို့လည်း သိရပါတယ်။