ရန်ကုန်တိုင်းဒေသကြီး၊ လှိင်မြိုနယ်၊ (၉)ရပ်ကွက်၊ လှိုင်ရတနာအိမ်ရာမှာ မတ်လ ၃ ရက်နေ့ ည ၇ နာရီ ၃၂ မိနစ် အချိန်လောက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို Yangon Rescue Organization (YRO) ကနေ သိရပါတယ်။

လှိင်ရတနာအိမ်ရာရဲ့ ၅ လွှာ တိုက်ခန်းမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီ ဖြစ်စဉ်မှာ ရောဂါအခံရှိတဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် မီးခိုးမွှန်ကာ သေဆုံးသွားခဲ့တယ်လို Yangon Rescue Organization (YRO)ရဲ့ အဖွဲဝင် ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားရာနေရာကို လှိင်မြိုနယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေအပါအဝင် YRO ရဲ့ မရမ်းကုန်း ခရိုင်ရှိအဖွဲဝင် အသင်း ၃ သင်းက လူနာတင်ယာဉ် ၅ စီးနဲ့ စေတနာ့ဝန်ထမ်းတွေ သွားရောက်ကူညီ ဆောင် ရွက်ပေးခဲ့တယ်လို သိရပါတယ်။ သေဆုံးသူ အမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လှိင်လူမှုကူညီရေးအသင်း က အရေးပေါ် လူနာတင်ယာဉ်နဲ့ အင်းစိန်မြိုနယ် အထွေထွေရောဂါကုဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို သိရပါ တယ်။