ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်း အေးရွာကနေ လှိုင်မြစ်ကိုဖြတ်ပြီး ကြည့်မြင်တိုင် သမ္ဗန်ဆိပ်ကို မောင်းနှင်လာတဲ့ သမ္ဗန်တစ်စင်းဟာ ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီ ၂၅ မိနစ်က ငါးဖမ်းသင်္ဘောကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ သမ္ဗန်မောင်းနှင်သူအပါအဝင် လူ ၉ ယောက်စလုံးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီဖြစ်စဉ်ကို ကြည့်မြင်တိုင်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ သမ္ဗန် ၆ စင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ပရဟိတအသင်းအဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။သမ္ဗန်ပေါ်မှာပါတဲ့ လူ ၉ ယောက်ထဲက အမျိုးသမီး ၂ ယောက်ကို အရင်ကယ်နိုင်ခဲ့ပြီး ည ၇ နာရီ မိနစ် ၄၀ မှာ ကျန်တဲ့ ၇ ယောက်ကို ထပ်မံကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။အဲဒီဖြစ်စဉ်မှာ သမ္ဗန်မောင်းနှင်သူနဲ့ အမျိုး သမီး၂ ယောက်တို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရသွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။