ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းပေါ်က လှည်းတန်းခုံးတံတားအောက်မှာ ဩဂုတ်လ ၂၈ရက် ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် လူ ၂ယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊
ဖြစ်စဉ်ကတော့ ဩဂုတ်လ ၂၈ရက် ည ၁၁နာရီ ၄မိနစ်အချိန်လောက်မှာ Honda Fit ယာဉ်တစ်စီးက အဲ့ဒီတံတားအုတ်ဘောင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ယောက်အနက် ၂ယောက်သေဆုံးကာ ၃ယောက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်၊၊
သေဆုံးရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကယ်ဆယ်ရေးအသင်းတွေကယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊