မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း လေးနိုင်ငံပူးပေါင်းပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဒီဇင်ဘာ၂၇ရက်က ရန်ကုန်မြို့၊ Wyngham Grand ဟိုတယ်မှာကျင်းပတဲ့မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေးဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄)မှာ အခုလိုဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီအစည်းအဝေးမှာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ၊ မဲခေါင်မြစ်ဝှမ်းဒေသနေပြည်သူတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံအလုပ်သဘောအစည်းအဝေးတွေအဖြစ် မြန်မာ-တရုတ်၊ တရုတ်-လာအို၊ တရုတ်-ထိုင်းအစည်းအဝေးတွေကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။