ရွှေသံလွင်လုပ်ငန်းစုက မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ဧပြီ ၈ ရက်က အာဟာရဒါန စတုဒိသာ ဆက်လက် ကျွေးမွေးလှူဒါန်းပါတယ်။ ဧပြီ ၈ ရက်မှာတော့ ကြက်ဥထမင်းကြော် ကျွေးမွေးလှူဒါန်းတာဖြစ်ပြီး မနက်ပိုင်းအတွက် လူအယောက် ၅၀၀၀ စာ၊ ညနေပိုင်းအတွက် လူအယောက် ၅၀၀၀ စာ စုစုပေါင်း လူအယောက် ၁၀၀၀၀ စာ ကျွေးမွေးလှူဒါန်းတာ ဖြစ်ပါတယ်။

အခုလို ကျွေးမွေးလှူဒါန်းတဲ့အတွက် အလှူရှင်တွေကို ကျေးဇူးတင်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ မန္တလေးမှာ အာဟာရဒါန ကျွေးမွေးလှူဒါန်းတာကို ဧပြီ ၄ ရက်ကစပြီး ကျွေးမွေးလှူဒါန်း နေတာဖြစ်တယ်လို့ သိရပါတယ်။ ရွှေသံလွင်လုပ်ငန်းစုဟာ နေပြည်တော်မှာလည်း ဧပြီ ၈ ရက် မနက်ပိုင်းမှာ လူအယောက် ၂၂၅၀၀၊ ညနေ ပိုင်းမှာ လူအယောက် ၂၂၅၀၀၊ စုစုပေါင်း လူအယောက် ၄၅၀၀၀ စာ သီးစုံဒံပေါက် အာဟာရဒါန ကျွေးမွေး လှူဒါန်းတယ်လို့လည်း သိရပါတယ်။ရွှေသံလွင်လုပ်ငန်းစုအနေနဲ့ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကြုံတဲ့အချိန်တွေမှာ အခက်အခဲဖြစ်ပေါ်တဲ့ သဘာဝ ဘေးဒဏ်သင့် ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။