ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးပေါ်မှာရှိတဲ့ ဘီယာဆိုင်တစ်ဆိုင်မှာ ဇွန်လ၂၂ ရက် မနက်အစောပိုင်း ၅ နာရီခွဲအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီမီးလောင်မှုကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ ဒေသခံပရဟိတအဖွဲ့ တွေက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြရာ မနက် ၆ နာရီ ၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးလောင် ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။


