နေပြည်တော်ကောင်စီနယ်မြေက ရေဘေးသင့် ပြည်သူတွေကို ရွှေသံလွင် Group SKY NET နဲ့ SHWE BANK မိသားစုတို့က စက်တင်ဘာ ၁၉ ရက်မှာ ကြက်သားဒံပေါက်တွေကို ချက်ပြုတ်လှူဒါန်းပါတယ်။
စက်တင်ဘာ ၁၉ ရက်၊ မနက်ပိုင်းမှာတော့ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်သစ်လေးလုံး ကျေးရွာနဲ့ သကြားစက်ကျေးရွာတွေမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ နီးစပ်ရာကျေးရွာတွေက ရေဘေးသင့်ပြည်သူ တွေအတွက် ကြက်သားဒံပေါက်ဘူး(၉၄၀)၊ တပ်ကုန်းမြို့နယ်၊ အမှတ်(၁၀၉)ခြေမြန်တပ်ရင်းမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း၊ ကပစ(၁)နဲ့(၄)တို့မှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေရှိ ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်ဘူး (၂၆၂၀)ဘူး လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆွမ်းလိုအပ်ချက်ရှိတဲ့ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေအတွက် ကြက်သားဒံပေါက်ဘူး(၁၀၀၀)၊ ဥပ္ပါတသန္တိစေတီတော်ကြီးရှေ့ တပေါင်းကွင်းမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းကရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၂၀၀)၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရွေဗျိုင်းအင်းကျောင်း တိုက်မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်ဘူး (၂၀၀)နဲ့ ဇေယျာသီရိမြို့နယ်အတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၁၀၅)ဘူးလှူဒါန်းခဲ့ပါတယ်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝက်ကုန်းကျေးရွာနဲ့ နီးစပ်ရာကျေးရွာရှိရေဘေးသင့်ပြည်သူတွေအတွက်လည်း ကြက်သားဒံပေါက်ဘူး(၄၆၀)နဲ့ ဝက်ကုန်းကျေးရွာရှိသက်ကြီးရွယ်အိုအဘိုးအဘွားတွေအတွက် စောင်၊ အလှူငွေနဲ့ ကျေးရွာအတွက် မီးအိမ်တွေ လှူဒါန်းခဲ့သလို လယ်ဝေးမြို့နယ်အတွင်းရှိ၊ ညောင်ပင်သာကျေးရွာ၊ အင်းသာကျေးရွာ၊ ကွမ်းခြံကျေးရွာက ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၁၆၅)ဘူးနဲ့ တောင်သုံးလုံးဇေတဝန်တောရကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူတွေအတွက်ကြက်သားဒံပေါက်(၂၅၀)ဘူးတို့ကို ဆက်လက်လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုအနေနဲ့ကတော့ မနက်ပိုင်းမှာ ကြက်သားဒံပေါက်ဘူးပေါင်း ၅၅၀၀ ချက်ပြုတ်လှူဒါန်းခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ ကြက်သားဒံပေါက်ဘူးပေါင်း ၅၀၀၀ ကိုချက်ပြုတ်လှူဒါန်းခဲ့တာပါ။
အခုလို နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် စက်တင်ဘာ ၁၅ ရက်စပြီး နေ့စဉ်ထမင်းဘူးတွေကို ချက်ပြုတ်လှူဒါန်းနေတာဖြစ်တယ်လို့သိရပါတယ်။