နေပြည်တော်ကောင်စီနယ်မြေက ရေဘေးသင့်ပြည်သူတွေကို ရွှေသံလွင် Group SKY NET နှင့် SHWE BANK မိသားစုတို့က စက်တင်ဘာ ၁၇ ရက်မှာ ကြက်သားဒံပေါက်တွေကို ချက်ပြုတ်လှူဒါန်းခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ မနက်ပိုင်းမှာတော့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်က ကင်းသာရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၁၀၉ေခြေမြန်တပ်ရင်းမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း၊ ကပစ(၁)နဲ့(၄)တို့မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေရှိ ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၁၅၅၀)ဘူး၊ ဇေယျာသီရိမြို့နယ်က ကျောက်ချက်ကျေးရွာ၊ ပျဉ်းမနားမြို့နယ်က ကူးတို့ဆိပ်ကျေးရွာနဲ့ ကြို့တန်းကျေးရွာက ရေဘေးသင့်ပြည်သူတွေအပါအဝင် လယ်ဝေးမြို့နယ်အတွင်းက သံမရဲကျေးရွာစာသင်ကျောင်းနဲ့ ကွမ်းခြံကျေးရွာစာသင်ကျောင်းတွေမှာရှိတဲ့ရေဘေးသင့်ပြည်သူတွေကို ကြက်သားဒံပေါက်(၄၅၀)ဘူး လှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆွမ်းလိုအပ်ချက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေအတွက်ကြက်သားဒံပေါက်ဘူး(၇၀၀)၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝက်ကုန်းကျေးရွာက ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၃၄၅)ဘူး၊ အေးမြင့်သာယာကျေးရွာအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက် (၂၂၅)ဘူး၊ ကြံဖိုစုကျေးရွာရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၃၅၀)ဘူး၊ ပျဉ်းမနားမြို့နယ်ကင်မွန်းတန်းကျေးရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကြက်သားဒံပေါက်(၈၈၀)ဘူး လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုအနေနဲ့ကတော့ မနက်ပိုင်းမှာ ကြက်သားဒံပေါက်ဘူးပေါင်း ၄၅၀၀ ချက်ပြုတ်လှူဒါန်းခဲ့တာဖြစ်ပြီး ညနေပိုင်းမှာလည်းကြက်သားဒံပေါက်ဘူးပေါင်း ၅၅၀၀ ကို ချက်ပြုတ်လှူဒါန်းခဲ့တာပါ။
အခုလို နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို စက်တင်ဘာ ၁၅ ရက်စပြီး နေ့စဉ် ထမင်းဘူးအရေအတွက် ၁၀၀၀၀ ကို ချက်ပြုတ်လှူဒါန်းနေတာဖြစ်ပါတယ်။