လတ်တလော တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာဖြစ်ပွားနေတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ဆရာတော်သံဃာတော်တွေနဲ့ သီလရှင်တွေရဲ့လှူဒါန်းမှုတွေ ပိုမိုများပြားလာပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က ရေဘေးသင့်ပြည်သူတွေအတွက် ရန်ကုန်မြို့အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်အသျှင်ကုမာရ၊ ရွှေတံခါးဆရာတော်အရှင်တေဇနိယ၊ သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရ၊ တောင်ပုလဆရာတော်အရှင် ပညာဘောဂ၊ ဂျလန်းကျွန်းဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသီရိ၊ ပန်းမြိုင်လည်ဆရာတော်အရှင်နာဂသေန၊ မတ္တရာဆရာတော်ဘဒ္ဒန္တတေဇောဘာသ၊ နွားဦးတိုက်ဆရာတော်အရှင်ဉာဏာလင်္ကာရ၊ အောင်မြေကြယ်တစ်ပွင့် ဆရာတော်အရှင်ယသသီရိအစရှိတဲ့ ဆရာတော်တွေအပါအဝင် ဆရာတော်သံဃာတော်တွေနဲ့ သီလရှင်အများအပြားက အလှူငွေတွေ၊ အဝတ်အထည်တွေ၊ ဆေးဝါးတွေနဲ့ စားသောက်ကုန်အစရှိတာတွေကို လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။



ဒါ့အပြင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ပရဟိတအဖွဲ့တွေ၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
လက်ရှိရေဘေးကြုံတွေ့နေရသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ သံဃာတော်တွေနဲ့သီလရှင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့လူမူရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့လှူဒါန်းမှုတွေလည်း အများအပြားရှိနေတယ်လို့သိရပါတယ်။
စက်တင်ဘာ ဒုတိယပတ်အတွင်းက အာရှဒေသမှာဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် အရှဒေသတချို့အပြင် မြန်မာနိုင်ငံမှာလည်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။