နေပြည်တော်ကောင်စီနယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေကို မလာရောက်နိုင်တဲ့ရေဘေးသင့်ပြည်သူတွေကို စက်တင်ဘာ ၂၀ ရက်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ထမင်းဘူးတွေဆက်လက်လှူဒါန်းခဲ့ပါတယ်။
ထမင်းဘူးလှူဒါန်းတာကို ရွှေသံလွင် Group SKYNET နှင့် SHWE BANK မိသားစုတို့ကလှူဒါန်းခဲ့တာဖြစ်ပါတယ်။
ထမင်းလှူဒါန်းရာမှာ ထမင်းဖြူ၊ ငါးခြောက်ဆီပြန်နဲ့ ငရုတ်သီးကြော်ပါတဲ့ ထမင်းဘူး(၂၇၀၀)ကို မနက်ပိုင်းမှာလှူဒါန်းခဲ့ပြီး ညနေပိုင်းမှာတော့ထမင်းဘူး(၂၃၀၀)သွားရောက်ပေးလှူခဲ့တာပါ။
ရွှေသံလွင် Group SKY NET နှင့် SHWE BANK မိသားစုအနေနဲ့ ပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို ပြီးခဲ့တဲ့စက်တင်ဘာ(၁၅)ရက်နေ့ကစပြီး နေ့စဉ်လှူဒါန်းနေတာဖြစ်တယ်လို့သိရပါတယ်။