ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့ကို ပေးအပ်ချီးမြှင့်တဲ့ စည်သူဘွဲ့ကို ခရီးစဉ်မှာလိုက်ပါလာတဲ့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား မတ်လ၅ရက် ဒေသစံတော်ချိန် မနက်၁၀နာရီခွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနောက်မှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ရေးနဲ့ မြန်မာနိုင်ငံက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။