ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ လာရောက်လည်ပတ်သူ ရေကစားသူတွေ စည်း ကားများပြားခဲ့တာကို တွေ့ရပါတယ်။

ပြည်သူ့ရင်ပြင်မှာတော့ သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ ထမင်း နဲ့ ငါးကြော်ဟင်း၊ သာကူ စတုဒိသာတွေ ပေးဝေ လှူဒါန်းခဲ့ပါတယ်။

အဲဒီအပြင် ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေသလို ဧပြီ ၁၅ ရက်၊ ညနေပိုင်း ဒါမှမဟုတ် ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့မှာတော့ လမ်းလျှောက်သင်္ကြန် ပြုလုပ်ပေးသွားဖို့ ရှိ တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့၊ လသာမြို့နယ်၊ (၁၉) လမ်းမှာလည်း သင်္ကြန်အကြတ်နေ့မှာ လာရောက်ရေကစားသူ အပန်းဖြေသူတွေ နဲ့ စည်းကားများပြားတာကို တွေ့ရပါတယ်။

သင်္ကြန်ကာလအတွင်းမှာတော့ ရန်ကုန်မြို့အတွင်း စတုဒိသာမဏ္ဍပ်ငယ် အချို့သာ တွေ့ရပြီး ရပ်ကွက် လမ်းတွေ အတွင်းမှာသာ ကလေးတွေ ရေကစားကြတာကို တွေ့ရပါတယ်။