ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ ပင်စင်လာရောက်ထုတ်ယူတဲ့ ပင်စင်စားဝန်ထမ်းတွေအတွက် တစ်ယောက်ကို စားအုန်းဆီ သုံးပိဿာနှုန်းနဲ့ စတင်ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်ကနေ ၂၄ ရက်အထိ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၉ ခုမှာ ပင်စင်စားဝန်ထမ်းတွေအတွက် လာရောက် ရောင်းချပေးနေတာဖြစ်ပြီး စားအုန်းဆီ တစ်ပိဿာကို ကျပ် ၈၅၀၀ နဲ့ ရောင်းပေးနေတာလို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာတော့ လစဉ် ပင်စင်လာရောက်ထုတ်ယူသူ တစ်သိန်းကျော်လောက်ရှိပြီး ပင်စင်စားအ များဆုံး ထုတ်ယူတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ လစဉ် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပင်စင်စား ဝန်ထမ်းတွေကို လစဉ် စားအုန်းဆီ ပိဿာ ၈ သောင်းကနေ တစ်သိန်းကြားလောက် ရောင်းချပေးဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ အခုလို ရောင်းချပေးတာကြောင့် အသက်အရွယ်ကြီးတဲ့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအနေနဲ့ စားအုန်းဆီအတွက် ကိုယ်တိုင်ဈေးဝယ်ထွက်တာ၊ မှာယူဝယ်ယူတာတွေ လုပ်စရာမလိုဘဲ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။အလားတူ ရန်ကုန်မြို့မှာရှိတဲ့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ၊ စက်မှုဇုန်တွေက ဝန်ထမ်းတွေနဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာလည်း စားအုန်းဆီ လာရောက် ရောင်းချပေးနေတာ ရှိတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။