ရခိုင်လူမျိုးတွေရဲ့ ရိုးရာအစဉ်အလာဖြစ်တဲ့ ရခိုင်ရိုးရာ သင်္ကြန်နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပာယ်ပွဲကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ ဗဟန်းမြို့နယ်ရှိ ရခိုင်ဓမ္မာရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အခမ်းအနားကိုတော့ ရခိုင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)က ကြီးမှူးပြီး ရခိုင်အသင်းအဖွဲ့တွေက ပူး ပေါင်းပါဝင် ကျင်းပပြုလုပ်ခဲ့တာပါ။

ရခိုင်လူမျိုးတွေရဲ့ နံ့သာသွေးပွဲ နဲ့ ရေသပ္ပာယ်ပွဲကို သင်္ကြန်မတိုင်ခင် တစ်ရက်အလိုထဲက မြန်မာနိုင်ငံ အနှံ့က ရခိုင် လူမျိုးတွေ ကျင်းပပြုလုပ်ကြတာပါ။

ရခိုင်ရိုးရာဓလေ့အရ နံ့သာသွေးခြင်း နဲ့ ဘုရားကို နံ့သာရေ နဲ့ ပက်ဖြန်းပြီးမှသာ သင်္ကြန်ရေကစားတာကို ပြုလုပ် ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသား ရခိုင်လူမျိုးတွေအပါအဝင် ကမ္ဘာ့သူ ကမ္ဘာ့သားတွေ အားလုံး ဘေးအန္တရာယ် ကင်းစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ရခိုင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမောင်က ပြောပါတယ်။

အခုနှစ်မှာတော့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သီးခြားလုပ်ဖို့ အစီအစဉ် မရှိပေမယ့် သင်္ကြန်ကာလမှာ ရခိုင်လူမျိုး တွေရဲ့ ရိုးရာအစဉ်အလာမပျက်အောင် ရခိုင်ရိုးရာ သင်္ကြန်နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။