လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကနေ တိမ်းရှောင်လာကြတဲ့ ယာယီနေရပ်စွန့်ခွာ ပြည်သူတွေအတွက် သဘာဝတရားရိပ်သာတွေရဲ့ မြေအချို့ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရကမိန့်ပါတယ်။
လက်ရှိမှာ ယာယီနေရပ်စွန့်ခွာပြည်သူတွေ ခိုလှုံနေထိုင်လို့ရအောင် ကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေရှိနေတယ်လို့ မိန့်ကြားပါတယ်။
သဘာဝတရားရိပ်သာတွေရဲ့ မြေအချို့ကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် အဲဒီမြေတွေပေါ်မှာ အဆောက်အဦတွေ ဆောက်လုပ်ဖို့အတွက်ကိုပါ ဆရာတော်ကိုယ်တိုင်ဦးဆောင်မတည်ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူလုပ်ဆောင်သွားမှာဖြစ်သလို ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့လည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။
သဘာဝတရားရိပ်သာအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ တရားအားထုတ်တဲ့ယောဂီတွေကိုသာမက နေထိုင်ရေးအခက်အခဲကြုံနေတဲ့ အများပြည်သူတွေကိုပါလက်ခံပြီး နေစရာယာယီပေးတာနဲ့ အပိုင်ပေးတာတွေကိုပါဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။