ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားလုပ်ငန်းတွေ မှာ လုပ်ဆောင်ဖို့ အဓမ္မ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၇ နာရီ လောက်က ဖော်ထုတ်ဖမ်းဆီးရမိတဲ့အတွက် တရုတ်နိုင်ငံက တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါ တယ်။

လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ယောက် နဲ့ အမျိုးသမီး ၆ ယောက်တို့ဟာ အွန်လိုင်း လိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေ လုပ်ဆောင်ဖို့ နဲ့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေး စည်းရုံးမှုတွေနဲ့ အဓမ္မလူကုန်ကူး ခံခဲ့ရတာလို့ ဆိုပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အခွင့်ကောင်းယူ ပြီး ပြည်ပနိုင်ငံသားအချို့အနေနဲ့ EAO လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ဆက်စပ်နေရာတွေမှာ ကိုယ်ကျိုး စိးပွားရှာသူတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ အွန်လိုင်းလိမ် လည်မှုတွေ အွန်လိုင်းလောင်းကစားတွေမှာ ပါဝင် ဆောင်ရွက်နေသူတွေ တရားမဝင် ဝင်ရောက်နေထိုင် သူတွေကို ရှာဖွေစိစစ်ဖော်ထုတ်တာ နဲ့ ပြန်လည်လွှဲ ပြောင်းတဲ့ လုပ်ငန်းစဉ်တွေကို အလေးထား ဆောင် ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်အနေနဲ့ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုတွေ လောင်းကစားမှုတွေ နဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား တွေကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်း ပေးအပ်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။