ငလျင်ဒဏ်သင့် မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ပြန်လည်ထူထောင်ရေးအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)ကနေ ဧပြီ ၂၁ ရက်က အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီအလှူငွေတွေကိုတော့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက သွားရောက်လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)ဟာ မန္တလေး မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်ဖို့အတွက် ကျပ်သိန်း ၁၀၀၊ ဗြဟ္မစိုရ် ပရဟိတအသင်းကို ကျပ်သိန်း ၁၂၀ နဲ့ ကိုးကန့် ဗုဒ္ဓဘာသာကျောင်းအတွက် ကျပ် သိန်း ၅၀ တို့ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်၊၊ အဲဒီအပြင် စစ်ကိုင်းမြို့ သာသနိကအဆောက်အအုံတွေ၊ ဘုရားစေတီတွေ၊ စစ်ကိုင်းတောင်ရိုး သီတဂူ သာသနာပြု အဆောက်အအုံနေရာတွေကို လှည့်လည်ကြည့်ရူပြီး သီတဂူဆရာတော်ကြီးထံ ဘက်စုံပြုပြင်ဖို့ အလှူငွေ ကျပ် ၃၈၄ သိန်းကိုလည်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်၊၊