မြန်မာနိုင်ငံက လူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာပံ့ပိုးနေတဲ့အစီအစဉ်ကို ရပ်ဆိုင်းရတော့မယ်လို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။WFP ရဲ့ ရန်ပုံငွေ လိုအပ်ချက်ရှိနေတဲ့ အခြေအနေကြောင့် လာမယ့် ဧပြီလကစလို စားနပ်ရိက္ခာထောက်ပံ့မှုကို ရပ်ဆိုင်းရမှာပါ။

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ ဆက်လုပ်ဖိုဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် ရန်ပုံငွေ လိုအပ်တယ်လို WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ဒီလို ထောက်ပံ့မှုရပ်ဆိုင်းတာဟာ မြန်မာနိုင်ငံတစ်ဝှမ်းက ထိခိုက်အလွယ်ဆုံး အသိုင်းအဝိုင်းအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိမယ်လို WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မိုက်ကယ်ဒန်းဖိုဒ်က ပြောပါတယ်။WFP အနေနဲ့ မြန်မာနိုင်ငံက စားနပ်ရိက္ခာ အလိုအပ်ဆုံးလူ ၃၅၀၀၀ ခန့်ကိုသာ ဆက်လက်ထောက်ပံ့နိုင်မှာဖြစ်ပြီး ဒီအထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နိုတိုက်မိခင်တွေနဲ့ မသန်စွမ်းတွေ ပါဝင်မယ်လို ဆိုပါတယ်။

မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ ခန့်က လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး အဲ့ဒီထဲက လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာလိုအပ်နေတယ်လို WFP ရဲ့ မတ်လ ၁၄ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ရက်ပေါင်း ၉၀ ရပ်ဆိုင်းပြီးနောက်ပိုင်း အခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။