မြန်မာနိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ ယူရိုငွေနှစ်သိန်း လှူဒါန်းကူညီထားတယ်လို့ ဥရောပ သမဂ္ဂ(EU)က ဩဂုတ် ၂၇ ရက်ကထုတ်ပြန်ထားပါတယ်။
အခုလို ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနိုင်ဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)ထံကို လှူဒါန်းကူညီထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ အခုလှူဒါန်းတဲ့ငွေတွေဟာ ထိခိုက်မှုအများဆုံးနေရပ်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)နဲ့ (အနောက်)၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေ တိုးမြှင့်လုပ်ဆောင်ရာမှာ အကူအညီဖြစ်စေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလှူဒါန်းမှုဟာ ကမ္ဘာတစ်ဝန်းရှိ ဘေးအန္တရာယ်တွေကိုဖြေရှင်းဖို့အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)ရဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အရေးပေါ်ရန်ပုံငွေကိုပေးအပ်တဲ့ ဥရောပသမဂ္ဂရဲ့ စုစုပေါင်းအလှူငွေ ယူရို ၈ သန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။