မူပိုင်ခွင့်စနစ်ဟာ နိုင်ငံတကာမှာ သတ်မှတ်ကျင့်သုံးနေတဲ့ စံတွေနဲ့ကိုက်ညီဖို့ လိုအပ်သလို နိုင်ငံရဲ့လက်ရှိဖြစ် တည်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အခြေအနေတွေနဲ့လည်း လိုက်လျောညီထွေရှိဖို့ လိုအပ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။

မတ်လ(၃)ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ ကျင်းပပြု လုပ်တဲ့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ၂၀၂၃ ခုနှစ်မှာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနဲ့ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ ၂၀၂၄ ခုနှစ်မှာတီထွင်မှုမူပိုင် ခွင့်ဥပဒေများအာဏာသက်ဝင်ခဲ့ပြီး အခြားသောဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေနည်းတူ စတင်ကျင့် သုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်မှာ တည်ဆောက်နေတဲ့ မူပိုင်ခွင့်စနစ်ဟာ တစ်မျိုးသားလုံးကို အကျိုးပြုစေနိုင်ဖို့ အသုံးချနိုင်တဲ့ စနစ် တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာ ကြားခဲ့တယ်လို့ သိရပါတယ်။