မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီဇင်ဘာ၂၉ရက်က အမျိုးသမီးနှစ်ယောက်အသတ်ခံရတဲ့ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ အမျိုးသမီးနှစ်ယောက် ပြတ်ရှထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဖုန်းဆက်အကူအညီတောင်းခံတာကြောင့် သွားရောက်ကူညီဆောင်ရွက်ပြီး ရုပ်အလောင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံလို့ယူဆရတဲ့ အမျိုးသားသုံးယောက်ကို သက်ဆိုင်ရာက ဖမ်းမိထားတယ်လို့လည်း ကနဦးအနေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။
ဓာတ်ပုံ-ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း