မလေးရှားနိုင်ငံရှိ ပလတ်စတစ်စက်ရုံတစ်ရုံမှာ ဂက်စ်အိုးပေါက်ကွဲပြီး သေဆုံးခဲ့တဲ့ မြန်မာလုပ်သားအတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိတွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေး လုပ်ငန်း ရှင်နဲ့ ညှိနှိုင်းနေတယ်လို့ မြန်မာလူမူကူညီရေးအသင်း(မလေးရှား)ကနေ သိရပါတယ်၊၊

ဂက်စ်အိုးပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်မှာ ကွယ်လွန်ခဲ့တဲ့ မြန်မာလုပ်သားရဲ့ နာရေးကိုတော့ ဖေဖော်ဝါရီ ၂၅ ရက်က မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ် ကလန်းမြို့ ဟိန္ဒိူသုသာန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်၊၊ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၁၇ ရက်က မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ် တလုပ်ကုန်းရပ်ကွက်ရှိ ပလတ် စတစ်စက်ရုံမှာ ရုတ်တရက် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာလုပ်သားတစ်ယောက် သေဆုံးခဲ့ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊ အဲဒီသေဆုံးသူမြန်မာလုပ်သားဟာ အသက် ၃၀ နှစ်အရွယ်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် ဂုံမင်းအရှေ့ကွင်းကျေးရွာဇာတိ ဖြစ်တယ်လို့ သိရပါတယ်၊၊