မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြိုနယ်က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲ အခမ်းအနားကို ဧပြီ ၁၇ ရက်၊ နှစ်ဆန်းတစ်ရက်နေ့ မနက် ၈ နာရီခွဲက ကျင်းပခဲ့တယ်လို ဘုရားဂေါပကအဖွဲကနေ သိရပါတယ်။

အခမ်းအနားမှာ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ ဩဝါဒါစရိယ ဆရာတော်ကြီးတွေက အောက်စက်တော်ရာနဲ့ အထက်စက်တော်ရာ စေတီတော်နှစ်ဆူကို ဗုဒ္ဓါဘိသကေ အနေကဇာ တင်လှူပူဇော်ခဲ့ပြီး အောက်ခြေတော်ရာ စေတီတော် အလင်းပေါက်ဖန်အုပ်ဆောင်းတော်ကို စက်ခလုပ်နှိပ် ပိတ်သိမ်းကာ အထက်စက်တော်ရာ စေတီတော် ခြေတော်ရာ သံတံခါးကို ပိတ်သိမ်းခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဩဝါဒါစရိယ ဆရာတော်ကြီးတွေနဲ့ တာဝန်ရှိသူတွေက နှစ်ဆန်းတစ်ရက် နှစ်ဦးကုသိုလ်အဖြစ် ငါးခုံးမကြီး အကောင်ရေ ၁၀၀၀၀ နဲ့ ငါးမြစ်ချင်း အကောင်ရေ ၅၀၀၀ ကို ဇီဝိတဒါနအဖြစ် မန်းချောင်းထဲ လွှတ်ခဲ့ကြပါတယ်။

အခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပိုတွဲလဆန်း(၅)ရက်ကနေ နှစ်ဆန်း(၁)ရက် အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပခဲ့ပြီး ခရီးသွားပြည်သူပေါင်း ၁၄၅၀၀၀ ကျော် လာရောက်ခဲ့တယ်လို ဂေါပကအဖွဲကနေ သိရပါတယ်။