မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဝန်းကျင်ထိန်းသိမ်း ရေးအသင်းနဲ့ ရွှေကန်သာယာသဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်းတို့ပူးပေါင်းပြီး အာရှရေငှက်စာရင်း ကောက်ယူတဲ့အစီစဉ်ပြုလုပ်သွားမှာဖြစ်တယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်းကနေ သိရပါတယ်။

အာရှရေငှက်စာရင်းကောက်ယူမှုကိုတော့ ဇန်နဝါရီ (၂၀)ရက်ကနေ့ (၂၂)ရက်နေ့ထိ (၃)ရက်အတွင် ကောက်ယူမှာပါ။ရေငှက်တွေစာရင်းကောက်တဲ့အခါ ရေဘဲအုပ်စုကို အဓိကထားကောက်ယူမှာဖြစ်ပြီး ရေငှက်ဝင်ရောက်ရာလမ်းကြောင်းဖြစ်တဲ့ တံတားဦးမြို့နယ်ရှိ ပြူကန်၊ ပလိပ်အင်းနဲ့ ဘနောအင်းတွေမှာ စရင်းကောက်ယူမှုပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စာရင်းကောက်ယူတဲ့အခါမှာလည်း ငှက်ဝါသနာရှင်တွေ၊ ငှက်ကြည့်ခြင်းကို စိတ်ပါဝင်စားသူတွေအနေနဲ့ မိမိတို့အစီအစဉ်နဲ့င့်ပါဝင်နိုင်တယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်းကနေ သိရပါတယ်။