မကွေးမြို့၊ ကမ်းနားလမ်းမှာပြုလုပ်ထားတဲ့ လမ်းလျှောက်သင်္ကြန်မှာ ဧပြီ၁၆ရက်၊ သင်္ကြန်အတက်နေ့မနက်ပိုင်း မှာ လာရောက်လည်ပတ်ရေကစားသူတွေ၊ စတုဒီသာကျွေးမွေးသူတွေ များပြားတာကို တွေ့ရပါတယ်။

မကွေးမြို့လမ်းလျှောက်သင်္ကြန်မှာ အပျော်အပါးသီဆိုကခုန်မှုတွေမပါဝင်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အညီပဲရေပက်ဆော့ကစားကြတာဖြစ်ပါတယ်။

စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေအနေနဲ့ ထမင်းနဲ့ဟင်း၊ ကြာဇံဟင်းခါး၊ အချိုရည်တွေ ကျွေးမွေးလှူဒါန်းတာကိုလည်း တွေ့ရပါတယ်။

မကွေးမြို့တွင်းလမ်းမကြီးတွေပေါ်မှာတော့ ကလေးသူငယ်တွေ၊ လူငယ်တွေက ရေပုံး၊ ရေခွက်တွေနဲ့ ရေပက်ဆော့ကစားကြပြီး စတုဒိသာတွေလည်း ကျွေးမွေးလှူဒါန်းကြတယ်လို့ သိရပါတယ်။