သင်္ကြန်အကြတ်နေ့ဖြစ်တဲ့ ဧပြီ၁၅ရက်မှာ မကွေးမြို့ရှိ ရပ်ကွက်တွေနဲ့ လမ်းတွေမှာ စတုဒိသာကျွေးမွေးလှူဒါန်းသူတွေ၊ ရေကစားသူတွေနဲ့ စည်ကားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မကွေးမြို့ကမ်းနားလမ်းမှာ လမ်းလျှောက်သင်္ကြန်ကို ပြုလုပ်ပေးထားပြီး လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ်သူတွေကိုလည်း စတုဒိသာတွေ ကျွေးမွေးလှူဒါန်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ပြည်တော်သာလမ်း၊ အထက၁လမ်း၊ တောင်တွင်းလမ်းစတဲ့ လူစည်ကားရာလမ်းတွေမှာလည်း ကလေးသူငယ်တွေနဲ့ လူငယ်တွေ အများအပြား ပျော်ရွှင်စွာရေကစားနေကြတာကို တွေ့ရပါတယ်။