မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(က)ရပ်ကွက်မှာ မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင် နေ ရတဲ့ မသန်စွမ်းသူတွေကို ရပ်ကွက်တွင်း လူငယ်တွေ စုပေါင်းပြီး ကူညီထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရ ပါတယ်။
အောင်မေတ္တာ (က) ရပ်ကွက်မှာ ရေဘေးရှောင်တဲ့ ပြည်သူ ၆၀၀ ကျော် ရှိပြီး မသန်စွမ်းသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မသန်စွမ်းသူ ၁၃ ယောက်ကို တစ်ယောက်လျှင် ငွေကျပ်တစ်သောင်းနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
မသန်စွမ်းသူတွေကို အလှူငွေထောက်ပံ့တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နောက်ပိုင်းမှာ မသန်စွမ်းတွေသာမက သက်ကြီးဘိုးဘွားတွေကိုလည်း ထောက်ပံမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မကွေးမြို့၊ အောင်မေတ္တာ(က)ရပ်ကွက်မှာရှိတဲ့ ရေဘေးရှောင်ပြည်သူတွေကို ရပ်ကွက်အတွင်းက နေထိုင်သူတွေ၊တခြားအလှူရှင်တွေက ထမင်းဘူးတွေ ရေသန့်တွေ အလှူငွေတွေကိုလည်း ထောက်ပံ့ပေးခဲ့ တယ်လို့ သိရပါတယ်။