ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်းက တိုက်ခန်းတစ်ခန်းမှာ တစ်ယောက်တည်းနေထိုင်တဲ့ အဖိုးအို တစ်ယောက်ကို ဖေဖော်ဝါရီ ၅ ရက်၊ ညပိုင်းက သေဆုံးလျက်တွေ့ရတယ်လို့ ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ အဖြူရောင်ကမ်းလက် လူမှုကူညီရေး အသင်းကနေ သိရပါတယ်။

အဲဒီ အဖိုးအိုဟာ အိမ်သာထဲမှာ ထိုင်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာကိုအကြောင်းကြားပြီး အဖိုးအိုရဲ့ရုပ်အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။