စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဖိုလ်ဝင်တောင်သာသနာ့နယ်မြေရှိ မျောက်အများအပြားဟာ အစာရေ စာ ရှားပါးမှုကြောင့် အနီးရှိ ကျေးရွာတွေ ဒုက္ခရောက်နေကြတယ်လို့ ဖိုလ်ဝင်တောင်ဒေသခံတွေဆီကနေ သိရ ပါတယ်။

ဖိုလ်ဝင်တောင်မှာ အရင်ကထက်မျောက်တွေ ပိုများလာပြီး လက်ရှိမှာ မျောက်ကောင်ရေ ၂၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။အစာရေစာရှားပါးတော့ မျောက်တွေအနေနဲ့ အနီးအနားရှိ ကျေးရွာတွေက နေအိမ်တွေထဲဝင်ပြီး စားသောက်ကြ တာ ရှိတဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ ရွှေဘတောင်အထက်ကျောင်းဆရာတော် အရှင်ဝါယမက မိန့်ပါတယ်။

ဒေသခံတွေအနေနဲ့ကတော့ အိမ်ထဲဝင်တဲ့မျောက်တွေကို မောင်းထုတ်တာ၊တံခါးပေါက်တွေ ပိတ်ထားတာ လောက်သာ လုပ်ကြပြီး မျောက်တွေကို အန္တရာယ်ဖြစ်အောင် မလုပ်ကြဘူးလို့ သိရပါတယ်။

နယ်မြေအခြေအနေအရ ဖိုလ်ဝင်တောင်သာသနာ့နယ်မြေကို ဘုရားဖူးနဲ့မျောက်စာကျွေးမယ့်သူတွေ လာရောက်မှု မရှိဖြစ်နေတာကြောင့် ဘုရားဖူးနဲ့မျောက်စာလာရောက်ကျွေးလိုသူတွေကို အရှင်ဝါယမနဲ့ ဖိုလ်ဝင်တောင်သံဃာ တော်တွေက မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းကနေ ဖိုလ်ဝင်တောင်အရောက် မော်တော်ကားနဲ့ လာရောက်ကြိုဆို ခေါ်ဆောင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။