ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းက တောင်ကျရေစီးနဲ့မျောပါလာတဲ့ ကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ကနေသိရပါတယ်၊၊
အခင်းဖြစ်စဉ်မှာ ပြည်မြို့၊ စက်မှုကွက်သစ်၊ ဂန္ဓမာစျေးအနီးမှာ တောင်ကျရေစီးနဲ့ကလေးနှစ်ယောက်မျောပါလာကြောင်း သတင်းအရ လူမှုကူညီရေးအသင်းတွေက သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက်(၁၂)နှစ်အရွယ်နဲ့အသက်(၄)နှစ်ဝန်းကျင်အရွယ် မောင်နှမနှစ်ယောက်ဖြစ်ပြီး တောင်ကျရေထဲကို မောင်ဖြစ်သူက အရင်ပြုတ်ကျသွားတဲ့အတွက် အစ်မဖြစ်သူကလိုက်လံဆယ်ယူရာမှာ နှစ်ယောက်စလုံးရေစီးနဲ့အတူမျောပါပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
သေဆုံးရုပ်အလောင်းတွေကိုတော့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)က ပရဟိတပါရမီအသင်းကယာဉ်နဲ့ပြည်ဆေးရုံကြီးအရေးပေါ်ဌာနရှိ ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်၊၊