ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဒီဇင်ဘာလ(၉)ရက်ကနေ (၁၆) ရက်အထိ (၈)ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းသွားမယ်လို့ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဂေါပက အဖွဲ့ကနေ သိရပါတယ်။

ဗုဒ္ဓပူဇနိယဘုရားပွဲတော် မကျင်းပမီ ဘုရားပွဲဈေးတန်းကတော့ ဒီဇင်ဘာ(၁)ရက်ကစကာ ရောင်းချနေကြပြီး မြန်မာမုန့်အရောင်းဆိုင်တွေ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်တွေ၊ အဝတ်အထည်နဲ့လူသုံးကုန်ပစ္စည်းတွေ ပါဝင်တဲ့ ဈေးဆိုင်ခန်းပေါင်း(၂၀၀)ကျော် ဖွင့်လှစ်ရောင်းချနေပါတယ်။

အခုနှစ်မှာကျင်းပမယ့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘုရားပွဲတော်ကို ပွဲဈေးတန်းအပြင် ကလေးကစား ကွင်းတွေ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါ တယ်။