ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် နိုင်ငံတကာက အခုချိန်ထိ လှူဒါန်းဖို့ ကတိပြုထားတဲ့ငွေက အမေရိကန်ဒေါ်လာ ၉၃ သန်း ရရှိထားတယ်လို့ UNHCO ရဲ့ အကြီးအကဲဖြစ်သူ Under-Secretary–General Mr. Tom Fletcher က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂလူ သားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNHCO ရဲ့ အကြီးအကဲဖြစ်သူ Under- Secretary –General Mr. Tom Fletcher နဲ့ တွေ့ဆုံစဉ်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ကုလသမဂ္ဂရဲ့ အရေးပေါ်ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၅ သန်း အသုံးပြုသွားမှာဖြစ်ပြီး အဲဒီငွေတွေကို အသုံးပြုကာ အကူအညီပေးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂဝန်ထမ်းတွေကို စေလွှတ်သွားမယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေအပေါ် တုံ့ ပြန်နိုင်ဖို့အတွက် မြန်မာနဲ့ ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားကြဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။