မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရောက်မြန်မာတွေကလည်း ဆက်သွယ်လှူဒါန်းမှုတွေပြုလုပ်နေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးကထုတ်ပြန်ပါတယ်၊၊
မြန်မာသံရုံး(ဘန်ကောက်)နဲ့ ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)တို့ကို ဆက်သွယ်ပြီးလှူဒါန်းနေရာ စက်တင် ဘာ ၁၄ ရက်အထိ ဆန်အိတ် ၄၀၀ ကျော်နဲ့ ငွေသားဘတ် ၁ သိန်းကျော် လက်ခံရရှိထားတယ်လို့ဆိုပါတယ်။

ဆန်အိတ်လှူဒါန်းလိုသူတွေအနေနဲ့ ဆန်(၂၄ ပြည်)တစ်အိတ်ကို ၆၅၀ ဘတ်နဲ့သတ်မှတ်လှူဒါန်းနိုင်ပြီး လှူဒါန်းမှုအစုစုတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာရေဘေးသင့်ပြည်သူများကူညီစောင့်ရှောက်ရေးကော်မတီကို အမည်စာရင်းဒါမှမဟုတ် ကုမ္ပဏီစာရင်းဖော်ပြပြီး ပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။