ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်ရဲ့ မွေးနေ့၊ ထိုင်းနိုင်ငံရဲ့ အမျိုးသားနေ့နဲ့ Thailand’s Father’s Day အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်မှာ ဒီဇင်ဘာလ ၅ ရက် ညနေ ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နဲ့ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး နဲ့ဇနီးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်း၊ ထိုင်းနိုင်ငံတော် သီချင်းတို့နဲ့ ဖွင့်လှစ်ပြီး မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနဲ့ ဇနီး၊ သံအမတ်ကြီးနဲ့ ဇနီးတို့က တက်ရောက်လာကြသူတွေနဲ့အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ထိုင်းနိုင်ငံ ယဉ်ကျေးမှုအဖွဲ့ရဲ့ ကပြဖျော်ဖြေမှုတွေကို ကြည့်ရှု့အားပေးခဲ့ကြပါတယ်။ ဆက်လက်ပြီး သံအမတ်ကြီး နဲ့ဇနီးတို့က တက်ရောက်လာကြသူတွေကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ကြတယ်လို့ သိရပါတယ်။