နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲတော်ကို လတ်တလော နယ်မြေအခြေအနေတွေအရ ကျင်းပဖို့ မသေချာ သေး ဘူးလို့ ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။
တောင်ပြုံးပွဲတော်ကိုတော့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးရွာမှာ နှစ်စဉ် ကျင်းပပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် နယ်မြေအခြေအနေတွေအရ ကျင်းပနိုင်ဖို့ ရှိမရှိ သေချာမပြောနိုင်သေးဘူးလို့ တောင်ပြုံးပွဲတော် ကျင်းပရေး ကော်မတီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မူလက တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက် ကနေ ၁၅ ရက်အထိ ၈ ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
တောင်ပြုံးပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပွဲတော်တစ်ခု ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က လာရောက်ကြ သူတွေနဲ့ စည်းကားတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။