ရှမ်းနှစ် ၂၁၁၉ ခုနှစ် ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းကျောင်းကြီး ကျောင်းတိုက်၊ နှီးဘုရားကြီးဓမ္မာရုံမှာ ဒီဇင်ဘာ ၁ ရက်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ တိုင်းရင်းသား တွေအနေနဲ့ မျိုးချစ်စိတ်ဓာတ် ပိုမိုတိုးတက်ခိုင်မာလာပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဖို့၊ နောင်လာနောက်သား လူငယ်တွေကလည်း ရှမ်းနှစ်သစ်ကူးပွဲတော်တွေကို ရိုးရာမပျက် ကျင်းပနိုင်ဖို့အတွက် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။

ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး ရှမ်းရိုးရာအကအလှတွေပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်း သားရေးရာဝန်ကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးက မွန်စာပေယဉ်ကျေးမှုအသင်းအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ကရင်စာပေယဉ်ကျေးမှုအသင်းတွေနဲ့ တိုက်ကြီးခရိုင် အတွင်းက ရှမ်းတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။