မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို တရုတ်ပြည်သူ့သမ္မတနိုင်ငံက (၁၁)ကြိမ်မြောက်လှူဒါန်းတဲ့ တန်ချိန် ၁၃၅၅တန်ရှိ Modular (Prefabricated) house အလုံး(၃၄၀)ကို မေလ ၃ရက် မနက်ပိုင်းက သီလဝါဆိပ်ကမ်းမှာ လွှဲပြောင်းလက်ခံခဲ့တယ်လို သိရပါတယ်၊၊

တရုတ်နိုင်ငံကလှူဒါန်းတဲ့ ပစ္စည်းတွေတင်ဆောင်လာတဲ့သင်္ဘာဟာ မေလ ၂ရက် ညနေ ၄နာရီခွဲအချိန်လောက်က သီလဝါ(MITT)ဆိပ်ကမ်းကို ရောက်ရှိခဲ့တာဖြစ်တယ်လို ဆိုပါတယ်။အဲ့ဒီပစ္စည်းတွေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူတွေက တရုတ်သံရုံး စီးပွားရေးသံမှူး ဆီကနေ သီလဝါဆိပ်ကမ်းမှာ လွှဲပြောင်းလက်ခံခဲ့တယ်လို သိရပါတယ်၊၊

အဲဒီ Modular (Prefabricated) house အလုံး(၃၄၀)ကို ငလျင်ဘေးသင့် ဒေသတွေအတွက် ရန်ကုန်တိုင်းဒေသကြီးကနေ မြန်မာ့မီးရထားနဲ့ သယ်ယူပိုဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်ကို ကရိန်းနဲ့တင်ဆောင်နေတဲ့ အခြေအနေတွေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူတွေက ကြည့်ရှုစစ်ဆေးခဲ့တယ်လိုလည်း သိရပါတယ်၊၊