ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေဘေးသင့်ခဲ့ရတဲ့ မြန်မာနိုင်ငံကပြည်သူတွေအတွက် တရုတ်နိုင်ငံက တရုတ်ယွမ် ၇၀၀,၀၀၀ တန်ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းတွေပေးအပ်လှူဒါန်းခဲ့တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။
အဲဒီထောက်ပံ့ပစ္စည်းတွေကို China Arts and Crafts Association က ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံခဲ့ကြပြီးနောက် ထောက်ပံ့ပစ္စည်းတွေကို ပေးအပ်လှူဒါန်းခဲ့တာပါ။
တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကြား သစ်တော၊ သတ္တုနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်လို့လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြတယ်လို့ သိရပါတယ်။