မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စတွေအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ Operation Room ၉၅ လုံးနဲ့ Modular House ၁၈၀၄ လုံးကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောတွေဟာ မေ ၁၂ ရက်နဲ့ ၁၃ ရက်က ရန်ကုန်မြို့ သီလဝါ (MITT)ဆိပ်ကမ်းကို ရောက်ရှိ ခဲ့တာပါ။

ရောက်ရှိလာတဲ့ ပစ္စည်းတွေကိုတော့ မေ ၁၄ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စီးပွားရေးသံမှူး Mr. Ouyang Daobing (မစ္စတာ ကျုံးယန်ဒေါ့ပင်)ဆီကနေ သီလဝါဆိပ်ကမ်းမှာ လွှဲပြောင်းလက်ခံခဲ့တယ်လို့ သိရ ပါတယ်၊၊

တရုတ်နိုင်ငံက လှူဒါန်းတဲ့ Operation Room ၉၅ လုံးကို ကျန်းမာရေးဝန်ကြီးဌာနက ငလျင်ဘေးသင့်ဒေသတွေ ကို ပို့ဆောင်သွားမှာဖြစ်ဖြစ်ပါတယ်။ Modular house ၁၈၀၄ လုံးကိုလည်း ငလျင်ဘေးသင့်ဒေသတွေကို ရန်ကုန် တိုင်းဒေသကြီးကနေ မြန်မာ့မီးရထားနဲ့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်တင်ကားပေါ်ကနေ ရထားတွဲပေါ်ကို ကရိန်းနဲ့တင်ဆောင်နေတဲ့ အခြေအနေတွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူတွေက ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်၊၊