ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာ(၁၅)ရက်အထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၃၂၂)မှု ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။

တိုင်ကြားလာတဲ့အမှုတွေထဲမှာ ဝန်ဆောင်မှု ဆိုင်ရာတိုင်ကြားမှုက အများဆုံးဖြစ်ပြီး ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ အီလက်ထရွန်နစ် ကူးသန်း ရောင်းဝယ်ရေးနဲ့သက်ဆိုင်တဲ့တိုင်ကြားမှုတွေနဲ့ ကုန်စည်ဆိုင်ရာတိုင်ကြားမှုတွေ ပါဝင်တာကို တွေ့ရပါတယ်။

စားသုံးသူရေးရာကို အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်ဖို့ Consumer Call Center (၁၅၃၅)ကို ၂၀၂၁ ခုနှစ်က စတင်ပြီး နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်မှာ ဖွင့်လှစ်ခဲ့ပြီး အခုအခါ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တွေမှာ လိုင်းခွဲနံပါတ်တွေ တိုးချဲ့ဖွင့်လှစ် ထားရှိပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်းကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် စားသုံးသူ တိုင်ကြားမှုပေါင်း ၃၄၆ မှု ရှိခဲ့ပြီး အဲဒီအထဲမှာ ဝန်ဆောင်မှုရေးရာ တိုင်ကြားမှုက အမှုပေါင်း ၂၈၀ ကျော်နဲ့ အများဆုံး ဖြစ်ခဲ့တယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။