ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချိုမှာ ပြေးဆွဲနေတဲ့ ဆိုင်ကယ်ဘေးတွဲတွေကို အရေးယူဆောင် ရွက်ရာမှာ တခြားအကြောင်းအရာတွေကြောင့်မဟုတ်ဘဲ စည်းကမ်းဖောက်ဖျက်လို့အရေးယူတာမျိုးပဲရှိတယ်လို့ မြို့နယ်အချို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။

ဆိုင်ကယ်ဘေးတွဲတွေကို လမ်းမကြီးတွေပေါ်မှာ တက်ရောက်မမောင်းနှင်ဖို့ ယခင်ကတည်းက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်၊၊

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆိုင်ကယ်ဘေးတွဲတွေကို ပိတ်သိမ်းပြီး မီနီအိုးဝေတွေကိုအစားထိုးပြေးဆွဲရမယ်ဆိုပြီးပျံ့နှံ့နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာညွှန်ကြားချက်မရှိသေးဘူးလို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က ပြောပါတယ်၊၊