ရခိုင်ပြည်နယ်၊ ဂွမြိုအနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေတဲ့ ကုန်တင်လှေပေါ်က လှေသား ငါး ယောက်ကို ကူညီကယ်ဆယ်ပေးခဲ့တယ်လို နစက သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်ထားပါတယ်။ ဂွမြိုရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၈ ဒသမ ၅ မိုင်အကွာ ရွှေကြယ်လင်း-၁ အမည်ရှိ ကုန်တင်လှေ တစ်စင်းဟာ လှိင်းပုတ်ပြီး လှေဝမ်းပျဉ်ချပ်တွေ ပြုတ်ထွက်ကာ ရေဝင်နစ်မြုပ်နေကြောင်း ဆက်သွယ်ရေးလေလှိင်း သတင်းရ ရှိတဲ့အတွက် ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်း ၁ နာရီကျော်က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။

အဲဒီနေ့ မနက် ၅ နာရီကျော်မှာ ရေဝင်နစ်မြုပ်နေတဲ့ ကုန်တင်လှေ အနီးကို ရောက်ရှိခဲ့ပြီး လှေပေါ်မှာ လိုက်ပါ လာတဲ့ လှေသား ငါးယောက်ကို တပ်မတော်(ရေ) ရေယာဉ်ပေါ် ကယ်ဆယ်တင်ဆောင်ပေးခဲ့တယ်လို ထုတ်ပြန် ချက်အရ သိရပါတယ်။ အဲဒီနောက် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးပေးတာတွေ ဆောင်ရွက်ပြီး အဝတ်အထည်နဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်ကာ လှေသားတွေကို သက်ဆိုင်ရာကို စနစ်တကျလွှပြောင်းပေးအပ်သွားမှာ ဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။