ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ် ဗားကရာမီးပွိုင့်အနီး အလုံမြို့နယ်ဘက်ကိုသွားတဲ့အခြမ်းမှာ ကျောပိုးအိတ်နဲ့ ဘေးလွယ်အိတ်အသေး တစ်လုံးလွယ်ထားတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ယောက်ဟာ နဖူးတည့်တည့် ကျည်ထိဒဏ်ရာနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ဘေးလွယ်အိတ်အတွင်းu ဦးအောင်ရှိန် အမည်ပါ AYA ဘဏ်စာအုပ်တစ်အုပ်တွေ့ရပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ ဘယ်မြို့နယ်မှာ နေထိုင်တယ်ဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ကလည်း အခင်းဖြစ်ရာ တစ်ဝိုက်ကို ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကာ ကျူးလွန်သူတွေကိုလည်း စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။